မြင်းခြံမြို့နယ်၊ မြင်းခြံ-တောင်သာသွား ကားလမ်းဘေးတွင် အကြမ်းဖက်အဖွဲ့က ထောင်ထားသော လက်လုပ်မိုင်းများ ရှင်းလင်းခဲ့

ဇွန် ၁၆

     ယမန်နေ့ မွန်းတည် ၁၂ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့နယ်၊ဂွေးပင်ရိုးကျေးရွာအနီး၊မြင်းခြံ-တောင်သာသွား ကားလမ်းဘေးတွင် အကြမ်းဖက်အဖွဲ့က လက်လုပ်မိုင်းများထောင်ထားကြောင်း သတင်းအရ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ပါတယ်။

      ထိုသို့ ရှင်းလင်းရာမှ အရှည် ၁ပေခန့်ရှိ ကွန်ကျူးပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း  ၆လုံး၊ ဆိုင်ကယ်ဘက္ထရီအိုး    ၄လုံး၊ ကိုက် ၁၀၀ခန့်ပါ ဝါယာကြိုး   ၁ ခွေ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါတယ်။

#PAN