ဇွန် ၁၆
အောင်မြေသာစံမြို့နယ်၊အိုးဘိုရွှေကျင်ရပ်ကွက်၊အကွက်(၄၀)ရှိ မန္တလေးဗဟို အကျဥ်းထောင်၌ အကျဥ်းကျခံနေရသော NLD အစိုးရလက်ထက်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်၊၇၂နှစ်၊(ဘ)ဦးအေးမောင်သည် နှလုံးကျန်းမာရေး မကောင်း၍ အကျဥ်းထောင် ဆေးရုံအုပ် ဒေါက်တာမိုးဟိန်း၏ လမ်းညွှန်ချက်အရ ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ဟေမာဇလရပ်ကွက်၊၂၉×၃၀လမ်းကြား၊၇၄×၇၇လမ်းကြားရှိ မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးရောဂါအထူးကုဌာနတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်သည် အောင်မြေသာစံမြို့နယ်၊အိုးဘိုရွှေကျင်ရပ်ကွက်၊အကွက်(၄၀)ရှိ မန္တလေးဗဟို အကျဥ်းထောင်တွင် အကျဥ်းသားထောင်ဝင်အမှတ်၊မတလ/၂၂/ ၀၂၀၈၂/က ဖြင့် ပြစ်ဒဏ် ၂၈နှစ် ကျခံလျက်ရှိကြောင်း သိရှိရပါသည်။
#PAN