“ပင်လယ်ထဲသို့ ပျက်ကျသွားခဲ့သည့် ပြုံယမ်း၏ စစ်ဘက်ထောက်လှမ်းရေးဂြိုလ်တုကိုတောင်ကိုရီးယားက ဆယ်ယူမှုများပြုလုပ်ပြီး ခွဲခြမ်းစိတ်ဖြာ လေ့လာမှုများ ပြုလုပ်နေ”

ဇွန် ၁၆

​ပြုံယမ်း(မြောက်ကိုရီးယား)က ၎င်း၏ပထမဆုံး စစ်ဘက်ထောက်လှမ်းရေးဂြိုလ်တုတစ်လုံးကို ပြီးခဲ့သည့် လပိုင်းက လွှတ်တင်နိုင်ရန် ကြိုးပမ်းခဲ့ သော်လည်း အဆိုပါ စစ်ဘက်ထောက်လှမ်းရေး ဒုံးကျည်သည် ပင်လယ်ထဲ သို့ ပျက်ကျ သွားခဲ့ တာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ၏ ပထမဆုံး စစ်ဘက်ဆိုင်ရာ ဂြိုလ်တုကို ပစ်လွှတ်နိုင်ရန် ကြိုးပမ်းမှုတွင် အသုံးပြုခဲ့သော ဒုံးပျံအစိတ်အပိုင်းများကို တောင်ကိုရီးယားနိုင်ငံက ပင်လယ်ပြင်ကနေ ဆယ်ယူနိုင်ခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံ၏ တာဝန်ရှိသူများက ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး ဂြိုလ်တုလွှတ်တင်ရာတွင် အသုံးပြုခဲ့တဲ့ ဒုံးကျည်ကို ဆိုးလ်(တောင်ကိုရီးယား) က ၎င်းတို့နိုင်ငံ၏ ပင်လင်ပြင် အနီးတွင် ရရှိခဲ့တာဖြစ်ပြီး မြောက်ကိုရီးယား အာကာသ လွှတ်တင်ရေး ယာဉ် Chollima Type 1 အမျိုးအစား ၏ လွှတ်တင်ခြင်း ဒုတိယ အဆင့် ဖြစ်သည့် တွန်းအား လောင်စာဆလင်ဒါ လို့ ယူဆရသည့် အရာကို သိမ်းဆည်း နိုင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ တောင်ကိုရီးယား – အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များကယနေ့ ဇွန်လ ၁၆ရက်နေ့တွင် ကြေညာခဲ့ ကြတာ ဖြစ်ပါတယ်လို့ သတင်းဌာနများက ဖော်ပြ ပြောဆိုနေ ကြတာ ဖြစ်ပါတယ်။

အဆိုပါ ပြုံယမ်း စစ်ထောက်လှမ်းရေး ဂြိုလ်တုမှ ရရှိခဲ့သော အချင်း ၂.၅ မီတာ နှင့် အရှည် ၁၂ မီတာရှိသော ဒုံးပျံ၏အင်ဂျင်၊ လောင်စာဆီဆလင်ဒါနှင့် ဓာတ်ဆီ ဆလင်ဒါ အားလုံးကို အကောင်းအတိုင်းနီးပါး ဆယ်ယူရရှိ ခဲ့ပြီး ခွဲခြမ်းစိတ်ဖြာလေ့လာမှု များပြုလုပ်နေ​ကြပါတယ်လို့ တောင်ကိုရီးယား အာဏာပိုင် များကပြောဆိုထားကြပါတယ်။