“အရှေ့တောင်အာရှ နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံက BRICS အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတတ်ရေးဘဏ်ကြီးနှင့် ပူပေါင်းမှုများပြုလုပ်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေ”

ဇွန် ၁၆

အရှေ့တောင် အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် BRICS အဖွဲ့အစည်းကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကြီး နှင့် ပူးပေါင်း ဆောင်ရွက်မှု များပြုလုပ်နိုင်ရန် တွေ့ဆုံဆွေး နွေးမှုတွေပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။

BRICS အဖွဲ့အစည်းကြီး၏ ၂၀၁၅ခုနှစ်တွင် တည်ထောင်ခဲ့သည့် New Development Bank ကြီး နှင့် မြန်မာနိုင်ငံသည် ပူးပေါင်းမှုများပြုလုပ်နိုင်ရန် စဉ်းစားနေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဒေါ် သန်းသန်းဆွေကပြီးခဲ့သည့် ဇွန်လ ၁၅ရက်နေ့က ရုရှားနိုင်ငံ Saint Petersburgမြို့တွင် ကျင်းပပြုလုပ်နေသည့် SPIEF 2023 Forum ပွဲကြီးတွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

ရုရှားနိုင်ငံ နှင့် မြန်မာနိုင်ငံတို့ကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုများကို ပိုမို ပံ့ပိုးအထောက်အကူပြုခြင်းနှင့် ကုန်သွယ်မှု ပမာဏတိုးမြင့်ခြင်းဖြင့် နှစ်နိုင်ငံ တိုက်ရိုက် အကျိုးသက် ရောက်မှုများစွာရှိလာ စေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးက ထပ်လောင်း ပြောကြား ခဲ့တာလည်းဖြစ်ပါတယ်။

ထို့နောက် မြန်မာနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ နှင့် ကာဂျစ်စတန်နိုင်ငံတို့က ရုရှားနိုင်ငံနှင့်အတူပူးပေါင်းပြီး ၎င်းတို့ နိုင်ငံအတွင်း နျူကလီးယား ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေး သဘောတူညီရန် ဆန္ဒရှိနေကြောင်ရုရှား နိုင်ငံ မော်စကိုမြို့ရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံ ကုမ္ပဏီကြီးRosatom ၏ ညွှန်ကြားရေးမှူးချုပ် Alexey Likhachev အဆိုပါ SPIEF 2023 Forum ပွဲကြီးတွင် ပြောကြားခဲ့တာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။