ချင်းပြည်နယ်၊တိီးတိန်မြို့နယ်အတွင်းရှိ ပညာ သင်ကြားနေသည့် ကျောင်းများတွင် ကျောင်းသူ/သားများ ကျောင်းမတက်ရန် Zoland PDF မှ ခြိမ်းခြောက်
ဇွန် ၁၅
ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်နှင့် ကျေးရွာများတွင် ကျောင်းပေါင်း ၁၅၇ ခုရှိရာမှ လက်ရှိဖွင့်လှစ်နေသည့် မြို့ပေါ်ကျောင်း ၇ ခု၊ ကျေးရွာကျောင်းပေါင်း ၄၄ ခု စုစုပေါင်း ၅၁ ကျောင်းတွင် ဇွန်လ ၁၄ ရက်နေ့အထိ ပညာသင်ကြားရန် ကျောင်းအပ်နှံသူ ၉၆၂၆ ဦးရှိခဲ့ပြီး ယမန်နေ့က Zoland PDF အဖွဲ့မှ မြို့ပေါ်ကျောင်း ၆ ခုနှင့် ကျေးရွာများတွင် ဖွင့်လှစ်နေသည့် ကျောင်းများတွင် ကျောင်းသူ/သားများကို ကျောင်းမတက်ရန် ဖိအားပေး ခြိမ်းခြောက်မှုရှိကြောင်းသိရသည်။
မြို့ပေါ်ကျောင်းများတွင် ၎င်းတို့ကိုယ်တိုင် သွားရောက်ပြီး ကျောင်းမဖွင့်ရန် ဆရာဆရာမများကို ခြိမ်းခြောက်ကြောင်းသိရပြီး လုံခြုံရေးယူထားသည့် အထက(၁) တစ်ကျောင်းသာ ဇွန်လ ၁၅ ရက်နေ့ ကျောင်းဖွင့်နိုင်ပြီး အခြားကျောင်းများ အားလုံးကျောင်းမတက်ရဲသည့် အတွက် ကျောင်းများပိတ်ထားရကြောင်း သတင်းရှိပါသည်။
#PAN