“ရုရှား – သိီရိလင်္ကာ နှစ်နိုင်ငံပူပေါင်းပြီး အွန်လိုင်း Credit ကဒ်ဖြင့် ငွေပေးချေမှု စနစ်များ နှင့် အကြွေးဝယ် စနစ်များ ကိုအပြီးသတ် ပြုလုပ်နိုင်ရန် ဆွေးနွေးမှုများ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေ”

ဇွန် ၁၅

သီရိလင်္ကာနိုင်ငံအတွက် ရုရှားနိုင်ငံက နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် အွန်လိုင်း ငွေပေးချေခြင်းများ နှင့် အကြွေးဝယ်ယူနိုင်သော Credit စနစ် တစ်ခုကို ဖွင့်လှစ်သွားနိုင်ရန် ရုရှား နှင့် သီရိလင်္ကာတို့၏ ဆွေးနွေး မှုများသည် နောက်ဆုံး အဆင့်သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း မော်စကိုဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီး Janita Liyanage က ပြီးခဲ့သည့် ဇွန်လ ၁၄ရက်နေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

“ရုရှားကနေ သီရိလင်္ကာကို ခရက်ဒစ်လိုင်းတစ်ခု ရဖို့အတွက် ကျနော်တို့ နှစ်နိုင်ငံ ဆွေးနွေးနေဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ ကျနော်တို့တွေက ဆွေးနွေးမှုရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိ နေပြီလည်းဖြစ်ပါတယ်၊၊ အခု ကျနော်တို့ ဆွေးနွေးနေတဲ့ နောက်ဆုံးအဆင့်က နှစ်နိုင်ငံ ငွေကြေးတွေကို ဘယ်လို လွှဲပြောင်း ပေးနိုင်မလဲဆိုတာကို ဆွေးနွေးနေကြတာပါ”လို့ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပ ပြုလုပ်နေသည့် နိုင်ငံတကာစီးပွားရေးဖိုရမ် SPIEF 2023 တွင် Liyanage က ပြောကြား ခဲ့တာလည်းဖြစ်ပါတယ်။

ရုရှားနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးက သီရိလင်္ကာနိုင်ငံ အတွက် ရုရှားနိုင်ငံမှ လောင်စာဆီ ပေးပို့ထောက်ပံ့ဝယ်ယူမှုများကို ချေးငွေပုံံစံ စနစ် တစ်ခုအဖြစ် နှစ်နိုင်ငံကုန်သွယ်နိုင်ရေးအတွက် ညှိနှိုင်းနေကြပြီး (ကိုလံဘို) သီရိလင်္ကာက မော်စကို၏ဆုံးဖြတ်ချက်များကို စောင့်ဆိုင်းနေကြောင်း လွန်ခဲ့သည့် ဖေဖော်ဝါရီလက ပြောဆိုထားတာ တွေလည်းရှိနေပါတယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။