“တရုတ် ဦးဆောင်မှုဖြင့် ဆော်ဒီ – အီရန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးများ ပိုမိုကောင်းမွန်လာပြီးနောက် ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး က အီရန်အဆင့်မြင့်အရာရှိကြီးများနဲ့ တွေ့ဆုံမှုများပြုလုပ်မည်”

ဇွန် ၁၅

ဆော်ဒီအာရေဗျနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al-Saud ကလာမည့် စနေနေ့တွင် အီရန်နိုင်ငံ၏ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ရန်အတွက် အီရန်နိုင်ငံ၏မြို့တော် တီဟီရန် မြို့သို့ သွားရောက်မှာဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ၏ ထိပ်တန်းသံတမန်များနှင့် ကိုယ်စားလှယ်တော်အဖွဲ့ဝင်များသည် အီရန် နိုင်ငံ၏ အဆင့်မြင့် အရာရှိများနှင့် နှစ်နိုင်ငံ စီးပွားရေး ၊ကုန်သွယ်ရေးများ အတွက်တွေ့ဆုံဆွေးနွေး မှုများပြုလုပ်နိုင်ရန် (တီဟီရန်) အီရန်နိုင်ငံ သို့ လာမည့်ဇွန်လ ၁၇ ရက်နေ့တွင် သွားရောက် သွားမှာဖြစ်တယ်လို့ သတင်းဌာနများက ယနေ့ ဖော်ပြပြော ဆိုနေကြတာ လည်းဖြစ်ပါတယ်။

တရုတ် နိုင်ငံ၏ ဦးဆောင်မှုဖြင့် အီရန် – ဆော်ဒီအာရေဗျ နှစ်နိုင်ငံကြား ဆက်ဆံရေးပိုမို ကောင်းမွန်လာစေရန် ရက်အတော်ကြာ အကြိတ် အနယ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အီရန်နိုင်ငံ နှင့် ဆော်ဒီအာရေးဗျီးယားနိုင်ငံတို့သည် ၇ နှစ်ကြာဝေးကွာခဲ့ကြသည့် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးများ ပြန်လည် ထူထောင်ကာ နှစ်နိုင်ငံ အတွင်းရှိ သံရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြပြီဖြစ် ကြောင်း သတင်းဌာနများ ကဖော်ပြပြော ဆိုထား ကြပါတယ်။