“ရှီကျင်းပင်၏ နှစ် ၇၀ပြည့်မွေးနေ့ အတွက် ရုရှား သမ္မတက ဂုဏ်ပြုသံဝဏ်လွှာပေးပို့ခဲ့”

ဇွန် ၁၅

ရုရှား နိုင်ငံသမ္မတ ဗလာဒီမာပူတင်က တရုတ် နိုင်ငံ ၏သမ္မတ ရှီကျင်းပင်၏ နှစ် ၇၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုပါကြောင်း သံဝဏ်လွှာကို ယနေ့ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ နိုင်ငံ နှစ်နိုင်ငံကြား ဘက်စုံ မိတ်ဖက် ဆက်ဆံရေးနဲ့ မဟာဗျူဟာမြောက် အပြန်အလှန်ဆက်ဆံရေးကို ခိုင်မြဲအောင်လုပ်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ ကြိုးပမ်းမှုတွေကို ဂုဏ်ပြုပါတယ်။ ကျနော်တို့ရဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေကို ဆက်လက်လုပ်ဆောင်သွားဖို့နဲ့ ရုရှား – တရုတ် နှစ်နိုင်ငံ၏ အကျိုးစီးပွားများ နှင့် ရှေ့ဆက်ဆောင်ရွက်ကြမည့် အစီအစဥ်များ အပါအဝင် နှစ်နိုင်ငံ ဆိုင်ရာ သံတမန် ရေးရာ ကိစ္စရပ်များကို ပိုမိုနီးကပ်စွာ ပူးတွဲ လုပ်ဆောင်သွားဖို့ မျှော်လင့်ထားပါတယ်”လို့ Kremlin (ရုရှား) သမ္မတ နန်းတော် မှတရားဝင်ထုတ်ပြန်သော တရုတ်သမ္မတ အတွက် ဂုဏ်ပြု ကြေးနန်းစာတွင် ဖော်ပြထား ပါတယ်လို့ သတင်းဌာနများက ဖော်ပြပြောဆို နေကြပါတယ်။