မြိုင်မြို့နယ်အတွင်းမှ ပြည်သူ့စစ်ရွာများမှ ပြည်သူများကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ  PDF များက လက်နက်အားကိုးဖြင့်

ဇွန် ၁၅

     မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ကန်နီကျေးရွာအုပ်စု၊ ကန်နီကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ဦးကြည်ခိုင်နှင့် ဒေါ်ဆန်းကြည် လင်မယားနှစ်ဦးသည် နေ့စားအလုပ် သမား ၄ ဦးနှင့်အတူ ယာတော၌ ပေါင်းမြက်များနှုတ်နေစဥ် လူသတ်အကြမ်းဖက်သောင်းကျန်း သူ  PDF အင်အား ၁၅ ဦးခန့် ရောက်ရှိလာပြီးဦးကြည်ခိုင်အပါအဝင် ၆ ဦးကို ဖမးဆီးသွားပြီး
၎င်းတို့နှင့်အတူခိုင်းနွား ၄ ကောင်နှင့် နွားငယ်နှစ်ကောင်လှည်းနှစ်စီးတို့ကို ယူဆောင်သွားကြောင်းသတင်းရရှိပါသည်။

     အလားတူ လွန်ခဲ့သောနှစ်ရက်ခန့်ကလည်း ကန်နီရွာမှ ဦးရွှေခိုင်သားအဖနှစ်ယောက်နှင့်အတူ ခိုင်းနွားနှစ်ကောင်တို့ကို ယူဆောင်သွားကြောင်း သိရပါသည်။

    အဆိုပါ ကန်နီကျေးရွာမှာ တပ်ထောက်ခံသည့် ပြည်သူ့စစ်ကျေးရွာဖြစ်ပြီး ထိုကျေးရွာမှတောင် သူများမှာ မိမိယာတောကိုပင် မသွားရဲဖြစ်နေကြကြောင်း သိရပါသည်။

   တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာ ရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက် တွေ့တွင် အရပ်သားပြည်သူများကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြကြောင်း၊ ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ တပ်ထောက်ခံသူပြည်သူများကို မတရားအနိုင်ကျင့် သတဖြတ်နေကြကြောင်း ကြားသိနေရပါသည်။

#PAN