ဟားခါးမြို့ပေါ် ဝန်ထမ်းအိမ်ယာနှစ်ခုတွင် ဗုံး​​ပေါက်ကွဲမှုဖြစ်ပွား

ဇွန် ၁၃

     ချင်းပြည်နယ်၊ ဟားခါးမြို့ ၌ ဇွန် ယမန်နေ့ ည ၉ နာရီ ၂၀ မီးနစ်အချိန်ခန့်တွင် ဝန်ထမ်းအိမ်ယာ ၂ ခုတွင် ရှေ့ဆင့်​နောက်ဆင့် ဗုံး​​ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

      ဟားခါးမြို့ ၊ မြို့နယ်စု​ပေါင်းရုံး​အောက် ​သုံးထပ်​ဆောင်ဝန်ထမ်းလိုင်းခန်းအောက်ဆုံးထပ်အခန်း​ရှေ့တွင် ဗုံး​​ပေါက်ကွဲမှု​ကြောင့် ပြတင်း​ပေါက်များ၊ တံခါးများ ပျက်စီး​ကြောင်း၊ လွှတ်​တော်ရုံးအနီး ဝန်ထမ်းအိမ်ယာ နေအိမ်တစ်လုံး​ရှေ့တွင်ဗုံး​​ပေါက်ကွဲမှု​ကြောင့် အ​ဆောက်အဦးထိခိုက်မှုမရှိကြောင်းနှင့် အဆိုပါ ၂ ​နေရာဗုံး​ပေါက်ကွဲမှု​ကြောင့် လူထိခိုက်မှုမရှိ​ကြောင်း သတင်းရရှိပါ သည်။

#PAN