နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ ၂၂၁ မိုင် ၀ ဖာလုံနှင့် ၁ဖာလုံကြားတွင် အရက်သောက်ထားသော အမျိုးသားတစ်ဦး လမ်းဘေး၌ ထိခိုက်ဒဏ်ရာများဖြင့် လဲနေသည်ကို တွေ့ရှိရ

မေ ၁၄

     ယနေ့ နံနက် ၆ နာရီခွဲအချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ ၂၂၁ မိုင် ၀ ဖာလုံနှင့် ၁ဖာလုံကြားတွင်  ဝေလင်း၊ ၂၃နှစ်၊ (ဘ)ဦးမောင်ထွန်း မိုးဆွေအုပ်စု၊မိုးဆွေကျေးရွာနေသူသည် လမ်းယာဘက် ၃ ပေလမ်းနှင့် ဂတ်ဝေးတန်းကြားမြေသားလမ်းတွင် အင်္ကျီမပါဘဲ လဲနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

      အဆိုပါ ဝေလင်း ဆိုသူသည် အရက်သေစာသောက်စားထားကြောင်း၊ ၎င်းတွင် မေးစေ့ ​ ပေါက်ပြဲ၊ ယာဒူးခေါင်း ပေါက်ပြဲ၊ ဝဲခြေသလုံး ပွန်းပဲ့ဒဏ်ရာ၊ဝဲခြေမပေါက်ပြဲ ဒဏ်ရာများရရှိထားကြောင်း၊ အမြန်လမ်းပေါ်သို့ ခြေလျှင်တက်ရောက်လာသဖြင့် ယာဥ်တစ်စီးစီးမှ တိုက်မိခြင်းဖြစ်နိုင်ကြောင်း၊ ၎င်းလူနာအား ပန်းတင်အ​မြန်လမ်းရဲစခန်းမှ ဆေးရုံသို့ပို့ဆောင် ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

#PAN