“နိုင်ဂျီးရီးယား တွင် မင်္ဂလာပွဲမှ ပြန်လာသော စက်လှေတိမ်းမှောက်မှုကြောင့် လူ ၁၀၀ကျော် သေးဆုံးခဲ့ရ”

ဇွန် ၁၄

နိုင်ဂျီးရီးယားနိုင်ငံအတွင်းရှိ Nigerပြည်နယ် နှင့် Kwara ပြည်နယ်ကြားရှိ မြစ်အတွင်းတွင် စက်လှေ တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့သော ကြောင့် လူ ၁၀၀ ကျော်အထိ သေဆုံးမှု ဖြစ်ပွားခဲ့ရတာဖြစ် ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်း ဒေသရှိ Niger ပြည်နယ် တွင်ပြုလုပ်ကျင်းပခဲ့သည့် မင်္ဂလာပွဲမှ ပြန်လာခဲ့သော လှေတစ်စင်းသည် မြစ်အတွင်း နစ်မြုပ် မှုဖြစ်ပွား ခဲ့ပြီးနောက် လူပေါင်း ၁၀၀ ကျော်အထိ သေဆုံးခဲ့ ရကြောင်း နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့နှင့် အဆိုပါ ဒေသ၏ ဒေသဆိုင်ရာ အာဏာပိုင်များက ပြီးခဲ့သည့် ဇွန်လ ၁၃ရက် အင်္ဂါနေ့က တရားဝင်ထုတ်ပြန် ပြောကြားခဲ့ ကြတာလည်း ဖြစ်ပါတယ်။

” အတိအကျကတော့ လူ ၁၀၃ ဦး သေဆုံးခဲ့ရပြီး လှေတိမ်းမှောက်မှုကနေလူ ၁၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်” လို့ နိုင်ဂျီးရီးယားနိုင်ငံ Kwara ပြည်နယ် ရဲတပ်ဖွဲ့ ၏ပြောရေးဆိုခွင့်ရှိသူ Okasanmi Ajayi က ပြောကြားခဲ့တာ ဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြော ဆိုထားပါတယ်။