ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေများ ထောက်ပံ့ပေးအပ်

မေ ၁၄

   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများ အတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ် သည့်ကူညီပံ့ပိုးမှုများဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်း များဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း ဖိတ်ခေါ်မှုအား ၂၀၂၃ ခုနှစ်၊ မေ ၉ ရက်မှ ၁၆ ရက်အထိ သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

      ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ဖိတ်ခေါ် ၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို လက်ခံကြိုဆိုလျက် ရှိရာ ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၁ ဦးတို့သည်မောင်းပြန် သေနတ် ၅ လက်၊ ပစ္စတိုသေနတ် ၁ လက်နှင့်အတူ အနောက်မြောက် တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများထံသို့ လက်နက် များအပ်နှံပြီး ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်ခဲ့သည်။

       ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နယ်မြေဒေသတည် ငြိမ်အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာပုဒ်မများနှင့် အသိပညာပေးခြင်းများကို ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့်  မောင်းပြန် သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၅ ဦးအား ၁ ဦးလျှင် ဆုကြေးငွေ ကျပ်သိန်း ၅၀ အားလည်းကောင်း၊ ပစ္စတိုသေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ ၂၅ သိန်းကျပ်အားလည်းကောင်း၊ လက်နက်မဲ့အလင်းဝင် ရောက်လာသူ ၅ ဦးအား ၁ ဦးလျှင် ထောက်ပံ့ငွေ ကျပ်သိန်း ၂၀ အားလည်း ကောင်း ချီးမြှင့်ပေးအပ်ပြီး ထောက်ပံ့ပစ္စည်းများကိုလည်း အသီးသီးပေးအပ်၍ ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်ခဲ့သူများ ကိုယ်စား ၁ ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြား သည်။

       ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှု များ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ထိုက်ထိုက်တန် တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန် ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေး သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN