ရေစကြိုမြို့နယ်အတွင်း လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များ အခြေပြုခိုအောင်းနေရာကို တပ်မတော်လုံခြုံရေးအဖွဲ့က သွား ရောက်ရှင်းလင်းခဲ့

မေ ၁၄

     ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အောင်နန်းကျေးရွာအနီးတွင် လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များ အခြေပြုခိုအောင်းနေကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ တပ်မတော်လုံခြုံရေးအဖွဲ့က သွားရောက်ရှင်းလင်းခဲ့ရာ  အကြမ်းဖက်သောင်းကျန်းသူ PDF များမှာ အငိုက်မိပြီး ထိတွေ့တိုက်ပဲဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

      အဆိုပါ တိုက်ပွဲတွင် တပ်မတော်လုံခြုံရေးအဖွဲ့က အကြမ်းဖက် PDF အလောင်း ၁ လောင်း၊အေကေ ကျည်အိမ် ၁ ခု၊ အေကေကျည် ၁၈ တောင့်၊ Sniper ဒေါက် ၁ ခု၊ လက်လုပ်မိုင်းမျိုးစုံ ၃ လုံး၊ ရီမု ၄ ခု၊ အိုင်ကွန် ၁ လုံး၊ အိုင်ကွန် အားသွင်းခုံ ၁ ခု၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျောပိုး အိတ် ၁ လုံး၊ ပို့ကျည် စလွယ် ၁ ခု၊ People Defean Force တံဆိပ်ပါ အင်္ကျီ ၁ ထည်၊ ပြောက်ကျားဘောင်းဘီ ၁ ထည်၊ ပြောက်ကျား လည်တို ဖိနပ် ၁ ရံ၊ ဘယ်ရီဦးထုပ် ၂ လုံး၊ ခါးပတ်စိမ်း ၁ ခု၊ ပြောက်ကျားဝတ်စကုတ် ၁ ထည်၊ ပြောက်ကျားအင်္ကျီ ၂ ထည်၊ PDF လည်စီး ၁ စီး၊ဆိုင်ကယ် ၃ စီး၊ ကား ၁ စီး၊ ဆိုင်ကယ်ဘတ္ထရီအိုး ၁၆ လုံး၊ မီတာတိုင်းခွက် ၂ ခု၊ မှတ်ပုံတင်စာအုပ် ၁ အုပ် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN