မတ္တရာမြို့နယ်အတွင်း ပြည်ခိုင်ဖြိုးပါတီ ရပ်/ ကျေးဥက္ကဌဟောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး တစ်ဦးကို လူသတ်အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

မေ ၁၄

   ယနေ့ ညနေ ၅ နာရီ ၃၅ မီးနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊ရေနံ့သာကျေးရွာအုပ်စု၊ရေနံ့သာကျေးရွာနေ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှုး ဦးဖိုးကျော်၊၅၄နှစ်၊(ဘ)ဦးဟန်စိန် သည် ရေနံ့သာကျေးရွာအုပ်စု၊ရွှေပြည်သာရပ်ကွက်ရှိ ဓမ္မာရုံနှင့်မြောင်းဘောင်ကူးသည့်လမ်းပျက်စီးနေ၍ ပြုပြင်ရန်သွားရောက်ကြည့်ရှုစဥ် လူသတ်အကြမ်းဖက် PDF  ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ် ထွက်ပြေးသွားခဲ့ပါသည်။

     သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးဖိုးကျော်တွင် ဝဲ-လည်ပင်း ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-ပုခုံး ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

     အဆိုပါ သေဆုံးသူ ဦးဖိုးကျော် သည် ယခင် ပြည်ခိုင်ဖြိုးပါတီ ရပ်/ ကျေးဥက္ကဌ တစ်ဦးဖြစ်ပြီး
လူသတ်အကြမ်းဖက်သမားများက အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်နှင့် ပြည်ခိုင်ဖြိုးပါတီဝင်များအား ငါနှင့်မတူ ငါ့ရန်သူဟု သဘောထားကာ သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

#PAN