“တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက မိမိတို့နိုင်ငံအပေါ်ထားရှိသည့် အမေရိကန်၏ မရိုးသားသော မနာလိုစိတ်များကို ပြစ်တင် ရှုတ်ချ​ကြောင်းပြောဆိုခဲ့”

ဇွန် ၁၄

ဘေဂျင်း(တရုတ်)နိုင်ငံက ၎င်းတ်ို့နိုင်ငံအပေါ် ဝါရှင်တန်(အမေရိကန်) နိုင်ငံ ၏ ‘မရိုးသားသော ဒေါသူပုန်ထခြင်း သို့မဟုတ် မနာလိုစိတ်ရှိခြင်းများ’ ကို ရှုတ်ချကြောင်း​ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့် ဇွန်လ ၁၃ရက်နေ့တွင် ပြောကြားခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံပိုင် ကုမ္ပဏီများအပေါ်အမေရိကန်က ပိတ်ဆို့အရေးယူမှု အသစ်များ ချမှတ်ခြင်းအတွက် ဘေဂျင်းက ဝါရှင်တန်ကို ပြစ်တင်ရှုတ်ချခဲ့တာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံအတွက် စစ်လေယာဉ်မှူးများကို လေ့ကျင့်သင်ကြားခြင်းများ နှင့် စစ်လက်နက်အသစ် များ တီထွင်ဖန်တီးရာတွင် အထောက် အကူပေးနေ သည် ဟု ယူဆရသော ကုမ္ပဏီများအပေါ် အမေရိကန်က ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှု အသစ်များကို တရုတ်နိုင်ငံက ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဝေဖန်ခဲ့တာ လည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ Wang Wenbin က အမေရိကန်၏ တရုတ် ကုမ္ပဏီများကို မုန်းတီးရေးအစီအစဥ်များ နှင့် ပို့ကုန်သွင်းကုန် ထိန်းချုပ်ရေး အစီအမံများကို အလွဲသုံးစား လုပ်မှုများကို ရပ်တန့်ရန် ဝါရှင်တန်ကို သတိပေးပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ထို့နောက် အမေရိကန်နိုင်ငံသည် ၎င်းတို့၏ နိုင်ငံတော် အာဏာကို အလွဲသုံးစားလုပ်ကာ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အယူအဆများကို ထပ်ခါတလဲလဲ ဆန့်ကျင်နေပြီး တရုတ်ကုမ္ပဏီများကို ခိုင်လုံသောအကြောင်းပြချက်မရှိ ဖိနှိပ်မှုများပြုလုပ်နေကြောင်း Wang က ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုနေကြပါတယ်။