“ယူကရိန်းအတွက် အမေရိကန် ကစစ်ဘက်ဆိုင်ရာ အထောက်အပံ့သစ်များ ကို ထပ်မံပေးပို့သွားရန် လာမည့် ဇွန်လ ၁၄ရက်နေ့တွင်ကြေညာဖွယ်ရှိနေ”

ဇွန် ၁၃

လာမည့် ဇွန်လ ၁၄ရက် နေ့တွင် ယူကရိန်းနိုင်ငံအတွက် အမေရိကန် ဒေါ်လာ ၃၂၅ သန်း တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ အကူအညီပေးနိုင်ရေး အစီအစဉ်သစ်များ ကို အမေရိကန်နိုင်ငံကထောက်ပံ့သွားမည်ဖြစ်ကြောင်းကြေညာသွား ဖွယ်ရှိ နေပါတယ်လို့ Voice of America သတင်းဌာနက ဖော်ပြ ပြောဆို ထားတာ ဖြစ်ပါတယ်။

ယူကရိန်း နိုင်ငံအတွက် စစ်ဘက်ဆိုင်ရာ အကူအညီအသစ်များကို အမေရိကန် စစ်ဘက်ဆိုင်ရာဌာနကြီးများမှ တိုက်ရိုက်အချိုးကျ ခွဲဝေပေးသွားကြမှာလည်းဖြစ်ပြီး Voice of America သတင်းဌာန၏အဆိုအရ အဆိုပါ Package စစ်ဘက်ဆိုင်ရာ အထောက်အပံ့များ တွင် Bradley နှင့် Stryker အမျိုးအစား ခြေလျင်တိုက်ခိုက်ရေးယာဉ်များလည်း ပါဝင်သွားမည်ဖြစ်ပြီး စစ်ပွဲအတွင်း ပျက်စီးသွားသော သို့မဟုတ် အသုံးပြုပြီးဖြစ်သော M142 HIMARS နှင့် NASAMS လေကြောင်း ရန်ကာကွယ်ရေးများစနစ် အတွက် နောက်ထပ် လက်နက် ခဲယမ်းများ ကို ယူကရိန်းနိုင်ငံ အတွက် အမေရိကန် နိုင်ငံက ထောက်ပံ့ ပေးသွား မှာဖြစ်တယ်လို့ သတင်းဌာနများက ယနေ့ ဇွန်လ ၁၃ရက်နေ့တွင် ဖော်ပြပြောဆိုနေ ကြတာလည်း ဖြစ်ပါတယ်။