“တရုတ်နိုင်ငံတွင်ကျင်းပပြုလုပ်မည့် အစ္စရေး နဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ”

ဇွန် ၁၃

ပါလက်စတိုင်းနိုင်ငံ၏ သမ္မတ Mahmoud Abbas သည် တရုတ်နိုင်ငံသို့ ၄ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ယနေ့ဇွန်လ ၁၃ရက် အင်္ဂါနေ့တွင် တရုတ်နိုင်ငံ Beijing မြို့သို့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပါလက်စတိုင်း – အစ္စရေး နှစ်နိုင်ငံ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်း နည်းလမ်းရှာသွားကြမှာဖြစ်တယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုနေကြတာ ဖြစ်ပါတယ်။

ပါလက်စတိုင်းသတင်းအေဂျင်စီ Wafaသတင်းဌာန က ပါလက်စတိုင်းနိုင်ငံ၏ သမ္မတ Mahmoud Abbas သည် အဆိုပါ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ၏ သမ္မတ Xi Jinping နှင့် တွေ့ဆုံမှုများပြုလုပ် သွားကြမှာဖြစ်ကြောင်း ဖော်ပြပြော ဆိုထားပါ သေးတယ်။

အဆိုပါ ခရီးစဥ်သည် တရုတ်နိုင်ငံ၏ အီရန်နှင့် ဆော်ဒီအာရေးဗီးယားတို့အကြား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်စေခဲ့သည့် အစီအစဥ်များ အပြီးတွင် ထွက်ပေါ်လာ ခြင်းဖြစ်တယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုနေကြတာလည်းဖြစ်ပါတယ်။