ငါန်းဇွန်မြို့နယ်တွင် အုပ်ချုပ်ရေးမှုး၏ညီဖြစ်သူ သာမန်ပြည်သူတစ်ဦးကို လူသတ်အကြမ်းဖက် သမားသောင်းကျန်းသူ PDF များက သေနတ်ဖြင့် ပစ်ခတ်

ဇွန် ၁၃

     ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊လက်ပံသာကျေး ရွာနေ ကိုသူထက်ကို၊၃၀နှစ်၊(ဘ)ဦးတင်ကောင်းသည် နေအိမ်၌ရှိနေစဥ် လူသတ်အကြမ်းဖက် သမားသောင်းကျန်းသူ PDF ၆ ဦးက ဆိုင်ကယ် ၃စီးဖြင့်ရောက်ရှိလာရာ ကိုသူထက်ကိုမှ ထွက် ပြေးစဥ် အကြမ်းဖက်သမားများက သေနတ်ဖြင့်လိုက်လံပစ်ခတ်သည့်အတွက် ၎င်းတွင် ပေါင်၌ သေနတ်ထိမှန်ဒဏ်ရာ ၂ ချက်ရရှိခဲ့ပြီး ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျှက်ရှိကြောင်း သတင်းရရှိပါသည်။

      အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရသူ ကိုသူထက်ကိုသည် သာမာန်ပြည်သူတစ်ဦးဖြစ်ပြီး လက်ပံသာကျေးရွာ အုပ်ချုပ်ရေးမှုး ဦးခိုင်သဲမောင် ၏ ညီအရင်းတော်စပ်သူဖြစ်ကာ ဦးခိုင်သဲမောင်မှာ လုံခြုံရေးအခြေအနေအရ အခြားသို့တိမ်းရှောင်နေရပြီး အကြမ်းဖက်သမားများက အစ်ကိုဖြစ်သူကိုရှာမတွေ့၍ ယခုကဲ့သို့ ညီဖြစ်သူကို သတ်ဖြတ်ရန် ကြိုးစားခြင်းဖြစ်နိူင်ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။

#PAN