ဘားအံမြို့နယ်တွင် သာမန်ပြည်သူတစ်ဦး လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDFနှစ် ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇွန် ၁၃

      ယနေ့ နံနက် ၇ နာရီ ၄၀ မီးနစ်အချိန်တွင်ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်အနောက်ကျေးရွာအုပ်စုနှင့် ဇာသပြင်အရှေ့ကျေးရွာအုပ်စု တို့ကို ဆက်သွယ်ထားသော ဇာသပြင်မေတ္တာချောင်းကူးတံတား(ဇာသပြင်ချောင်း) ပေါ်၌ သာမန်ပြည်သူတစ်ဦးဖြစ်သော  ဦးမောင်စိုး၊၆၀ နှစ်၊(ဘ)ဦးဒန်ကယား၊ တမီးလ်၊ ဟိန္ဒူ ဗုဒ္ဓ၊ အမှတ် (၈)ရပ်ကွက်၊ဇာသပြင်အနောက်ကျေးရွာအုပ်စုနေသူ သည် ဆိုင်ကယ်စီးလာနေစဥ် အဆိုပါတံတားပေါ်အရောက်၌ အမည်မသိလူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF
နှစ် ဦးက ဆိုင်ကယ်အဖြူ​ဖြင့်လိုက်လာကာ ဦးမောင်စိုး ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ပါသည်။

      ထိုသို့ ပစ်ခတ်မှုကြောင့် အခင်းဖြစ်နေရာ၌ ပင် ဦးမောင်စိုးမှာ သေနတ်ဒဏ်ရာ ၈ ချက်
ဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ​အဆိုပါ လူသတ်တရားခံများကို ဖမ်းဆီးရမိရေး နယ်မြေခံလုံခြုံ ရေးတာဝန်ရှိသူများက စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN