“ဆီရီယား တွင် အမေရိကန် စစ်ရဟတ်ယာဥ် ပျက်ကျမှုဖြစ်ပွားခဲ့ပြီး​ တပ်ဖွဲ့ဝင် ၂၂ဦး ထိခိုက် ဒဏ်ရာ များရရှိခဲ့”

ဇွန် ၁၃

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ဘက်ပိုင်းတွင် အမေရိကန် စစ်တပ် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၂၂ ဦးအထိ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းဌာနများက ပြီးခဲ့သည့် ဇွန်လ ၁၂ရက် တနင်္လာနေ့နှောင်းပိုင်းတွင် ထုတ်ပြန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံအတွင်းရှိ အမေရိကန်နိုင်ငံ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တာဝန်ကျနယ်မြေ အပြင်ဘက်ရှိ အမေရိကန်စစ် စခန်းများသို့ တပ်ဖွဲ့ဝင် ၁၀ ဦးကို ရွှေ့ပြောင်းခြင်း ပြုလုပ်ရာ မှကြောင်း ပျက်ကျခဲ့တာ ဖြစ်တယ်လို့ အမေရိကန် စစ်ဌာနချုပ်က ပြီးခဲ့သည့် ၁၁ရက် တနင်္ဂနွေနေ့တွင် ထုတ်ပြန် ဖော်ပြထား တာလည်း ဖြစ်ပါတယ်။