“ဗီယက်နမ်က အိန္ဒိယနိုင်ငံထုတ် BrahMos အမည်ရှိ အသံထက်မြန်သော ခရုစ်ဒုံးကျည်များ ဝယ်ယူနိုင်ရန် ဆွေးနွေးမှုများပြုလုပ်မည်”

ဇွန် ၁၂

ဗီယက်နမ်နိုင်ငံသည် အိန္ဒိယနိုင်ငံ မှ BrahMos အမည်ရှိ အိန္ဒိယထုတ် အသံထက်မြန်သော ခရုဇ်ဒုံးကျည်အမျိုးအစားများကို ဝယ်ယူနိုင်ရန် နှစ်နိုင်ငံ ဆွေးနွေးမှုများပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံထုတ် BrahMos အမျိုးအစား ဒုံးကျည်များကို ဗီယက်နမ်နိုင်ငံက ယူနစ် တစ်ခု စီအတွက် ဒုံးကျည်၃ စင်းမှ ၅စင်းအထိ မှာယူသွားမှာ လည်းဖြစ်ပါတယ်။

အိန္ဒိယ – ဗီယက်နမ် နှစ်နိုင်ငံ သဘောတူညီချက်၏ အမြင့်ဆုံးစျေးနှုန်းမှာ ဒေါ်လာ ၆၂၅ သန်းအထိ ရှိတာလည်းဖြစ်ပါတယ်။

အဆိုပါ အိန္ဒိယနိုင်ငံထုတ် BrahMos အမည်ရှိ အသံထက်မြန်သော ဒုံးကျည်များကို ဗီယက်နမ် နိုင်ငံအပြင် အင်ဒိုနီးရှားနိုင်ငံ ကလည်း ၀ယ်ယူရန် စိတ်ဝင်စားနေကြောင်းလည်း သတင်းဌာနများ ကဖော်ပြထားပါတယ်။

အိန္ဒိယ – ရုရှား နှစ်နိုင်ငံ စစ်လက်နက်များ ပူးပေါင်း ထုတ်လုပ်ရေးလုပ်ငန်းများ ကြီးထွားမှုများကြောင့် ကမ္ဘာ့ နိုင်ငံများမှ ဝယ်လိုအားများ မြင့်မား လာနေတာလည်းဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး သည် လာမည့်ဇွန် ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်နိုင် ရန် စီစဉ်ထားပြီး အိန္ဒိယနိုင်ငံ၏ BrahMos အမျိုးအစား အသံထက်မြန်သော ခရုဇ် ဒုံးကျည် ဝယ်ယူနိုင်ရေး သဘောတူညီချက်များကို ဆွေးနွေးသွားဖွယ် ရှိနေတယ်လို့ သတင်းဌာနများက ယနေ့ ဇွန်လ ၁၂ရက်နေ့ တွင်ဖော်ပြ ပြောဆို ထားကြပါတယ်။