နမ့်စန်မြို့တွင် သတင်းအရ ရွှေတွတ်ပီဈေးဆိုင်အတွင်း ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးများဖမ်းဆီးရမိ

ဇွန် ၁၂

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေး ရွှေတွတ်ပီဈေးဆိုင်တွင် မူးယစ်ဆေးဝါး များရောင်း ချနေကြောင်း သတင်းအရ နမ့်စန်တပ်နယ်နှင့် နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အသိသက် သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့နယ် ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးရှာဖွေခွင့်ဝရမ်းအမှတ် (၁/၂၀၂၃)ဖြင့် ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဝင်ရောက်ရှာဖွေရာ ဈေးဆိုင်အတွင်း ဦးလှမြင့်၊၆၅ နှစ်၊(ဘ)ဦး ဖိုးငွေ၊၁၃/နုစန(နိုင်) ၀၀၂၀၉၉၊ဗမာ/ဗုဒ္ဓ၊ဈေးရောင်း၊အမှတ် (၂) ရပ်ကွက်၊နမ့်စန်မြို့၊ ဒေါ်ဝင်းဝင်း၊၅၈နှစ်၊ (ဘ)ဦးထွန်းသိန်း၊ ၁၃/နှစန(နိုင်) ၀၀၂၁၀၀၊ ဗမာ/ဗုဒ္ဓ၊ဈေးရောင်း၊အမှတ်(၂)ရပ်ကွက်၊နမ့်စန်မြို့
နှင့် စိုးကိုကိုထက်၊၄၂နှစ်၊(ဘ)ဦးတင်စိုး၊ ၁၃/နစန(နိုင်) ၀၂၅၄၈၁၊ ဗမာ/ဗုဒ္ဓ၊ဆိုင်ကယ်ပြင်၊ အမှတ်(၂)ရပ်ကွက်၊နမ့်စန်မြို့နေသူ ၃ ဦးကို  ဈေးရောင်းသည့် ကောင်တာအနီးတွင် လည်း ကောင်း၊ ခင်မောင်လတ်၊၄၂ နှစ်၊(ဘ)ဦးဘိုဆန်း၊ ၁၃/လလန(နိုင်)၀၆၃၆၈၅၊ဗမာ/ဗုဒ္ဓ၊ကျဘမ်းလုပ်၊အမှတ်(၅)ရပ်ကွက်၊နမ့်စန်မြို့နေသူနှင့် ဇော်မင်းထွန်း၊၃၄ နှစ်၊(ဘ)ဦးသိန်းမင်း၊၁၃/နစန(နိုင်) ၀၄၃၁၄၃၊ဗမာ/ဗုဒ္ဓ၊ကျဘမ်းလုပ်၊အမှတ်(၂) ရပ်ကွက်၊နမ့်စန်မြို့နေသူတို့ကို ဈေးဆိုင်ဝန်းအတွင်း အိပ်ခန်းအတွင်းမှ လည်ကောင်း အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ စိုးကိုကိုထက် ဝတ်ဆင် ထားသော အပြာရောင်အနွေးထည်
ညာဘက် အိတ်ကပ်အတွင်းမှ Sunday  လ္ဘက်ရည်ထုတ်(အဝါရောင်) အိတ်ခွံဖြင့် ထည့်ထား သည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၂ ပြား၊(၀.၁၈)ဂရမ်ကို လည်းကောင်း၊ ဦးလှမြင့်နှင့် ဒေါ်ဝင်းဝင်း ထိုင်နေသော ဈေးဆိုင်ကောင်တာ စားပွဲပေါ်ရှိ ဒန်အိုးအတွင်းမှ အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျှက် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေး ပြား ၄၀ ပြား၊ (၃.၆)ဂရမ်ခန့်၊ အဖြူရောင်ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ဘိန်းဖြူဟုယူဆ ရသော အညိုရောင် အခဲ/အမှုန့် ၁၅ ဂရမ်ခန့်၊ အထုတ် ၁ ထုတ်၊ဈေးဆိုင်အတွင်းရှိ အိပ်ခန်းဘေး ဘီဒိုပေါ်တွင် တင်ထားသော ရွှေအိုရောင် အမျိုးသမီးလက်ဆွဲအိတ် အတွင်းရှိ PREMINUM GOLD ဆေးလိပ် ဗူးခွံအတွင်း ထည့်ထားသော ပလပ်စတစ်ကပ်ခွာအိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ် ကြွရူးသွပ်ဆေးပြား ၁၈၈ ပြား၊ (၁၆.၉၂)ဂရမ်ခန့်၊စုစုပေါင်း WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀ ပြား၊ စုစုပေါင်းတန်ဖိုးငွေ ၃၂၅,၀၀၀ ကျပ်ကို ဖမ်းဆီးရမိခဲ့ပါသည်။

        အဆိုပါ တရားခံများနှင့်အတူ ၀၉ ၄၀၄၄၁၄၂၀၀ နံပါတ်နှင့် ၀၉၆၈၃၅၅၇၈၈၅ နံပါတ်ပါ HONOR အမျိုးအစား (အနက်ရောင်) ဖုန်း ၁ လုံး၊ ၀၉၄၄၅၄၈၅၆၅၅ နံပါတ်နှင့် ၀၉ ၆၇၅၇၇၈၁၇၁ နံပါတ်ပါ MI အမျိုးအစား ပြောက်ကျားစတေကာကပ်(ခဲရောင်) ဖုန်း ၁ လုံးတို့ကိုလည်ကောင်း၊  မူးယစ်ဆေးဝါး ချိန်တွယ်ရာတွင် အသုံးပြုသည် ဟုယူဆရသော DIGITAL ချိန်စက်အသေး ၁ လုံး၊ အပြာရောင် အချိုရည်ပိုက် ၁၀ ချောင်း၊ 1CC တစ်ခါသုံး ဆေးထိုးစလင်း ၁၅ ချောင်း၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည်ဟု ယူဆရသော ခဲပြားလိတ် ၁ လိတ်၊မြန်မာငွေစက္ကူရောရာ ၁၅၂၆၀၀၀ ကျပ် တို့ကိုလည်းကောင်း၊ ဈေးဆိုင်ရှေ့တွင်
ရပ်ထားသော မူးယစ်ဆေးဝါး ရောင်း/ဝယ် ရာတွင် အသုံးပြု သည် ဟုယူဆရသည့် YGN
4N/1988 နံပါတ်ပါ HONDA FIT အမျိုးအစား (အဖြူရောင်) မော်တော်ယာဉ် ၁ စီး၊ ရှေ့/နောက် နံပါတ်ပြားမပါ LUOJIA-110 အမျိုးအစား (အနက်ရောင်) မော်တော်ဆိုင်ကယ် ၁ စီး တို့ကိုလည်းကောင်း တွေ့ရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့ကြောင်း သိရှိရပါသည်။

    ဈေးဆိုင်ပိုင်ရှင် ဦးလှမြင့်နှင့် ဒေါ်ဝင်းဝင်းတို့ကို သက်သေများရှေ့တွင် မေးမြန်းရာ သိမ်း ဆည်းရမိသည့် မူးယစ်ဆေးဝါးများကို သားဖြစ်သူ စိုးစိုး၊၃၆ နှစ်၊ (ဘ)ဦးလှမြင့်၊မပတ-ရှိ/မမှတ်မိ၊ဗမာ/ဗုဒ္ဓ၊ကျဘမ်းလုပ်၊အမှတ်(၂)ရပ် ကွက်၊နမ့်စန်မြို့နေသူမှ ရောင်းချရန် ဈေးဆိုင်သို့ ယူဆောင်လာ၍ ရောင်းချရန် စေခိုင်းသဖြင့် ရောင်းချနေခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် စိုးစိုးအား လိုက်လံဖမ်းဆီးခဲ့ရာ ထွက်ပြေး တိမ်းရှောင်နေခဲ့ပါသည်။

      မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲရန်အလို့ဌာ လက်ဝယ်ထားရှိသူ ဦးလှမြင့်၊ ဒေါ်ဝင်းဝင်း၊ စိုးကိုကိုထက်၊ ခင်မောင်လတ်၊ ဇော်မင်းထွန်း၊ စိုးစိုး (ပြေး) တို့ကို မမစ(နမ့်စန်)၏ မယ(ပ)၇/၂၃၊ မူး/စိတ်-၁၉(က)/၂၀(က)/၂၁ ဖြင့် ယမန်နေ့ ညနေ ၃ နာရီ ၁၅ မီးနစ်အချိန် အမှုဖွင့်အရေးယူဆောက်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN