“အီရန်နိုင်ငံ နှင့် ဆက်နွှယ်နေသော တရုတ် စီးပွားရေးလုပ်ငန်းများကို အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည့်အပေါ် တရုတ်နိုင်ငံ၏ စီးပွားရေး နှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ကန့်ကွက် ရှုံ့ချခဲ့”

ဇွန် ၁၂

အီရန်နိုင်ငံနှင့် ဆက်နွှယ်မှု များရှိကြသော တရုတ်နိုင်ငံ အဖွဲ့အစည်း များနှင့် တရုတ်နိုင်ငံသားများအပေါ် အမေရိကန်က ချမှတ် လိုက်သော ပိတ်ဆို့ အရေးယူမှု အသစ်များကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံ၏ စီးပွာရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အီရန်နိုင်ငံ နှင့် ဆက်နွှယ်နေသော တရုတ်ကုမ္ပဏီများ နဲ့ တရုတ်နိုင်ငံသားများအပေါ် အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှု အသစ်များကို ဆန့်ကျင်ကြောင်း နှင့် အမေရိကန် ဝါရှင်တန်က တရုတ်လုပ်ငန်းများနှင့် လုပ်ငန်းရှင် လူပုဂ္ဂိုလ်များကို ကျိုးကြောင်းဆီလျော်မှုမရှိ ဖိနှိပ်နေခြင်းများ ကို ရပ်တန့်သင့်တယ်လို့ တရုတ်နိုင်ငံ၏ စီးပွားရေး နှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူက ယနေ့ ဇွန်လ ၁၂ရက် တနင်္လာနေ့တွင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။