တောင်ကြီး – ဟိုပုန်း ကားလမ်းပေါ်ရှိ ပူးပေါင်းဂိတ်တွင် KNU တစ်ဦးဖမ်းမိ

ဇွန် ၁၂

      တောင်ကြီးမှ တာချီလိတ်သို့မောင်းနှင်သော သုခအောင်ယာဥ်လိုင်းမှ မော်တော်ယာဥ်ကို​ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုန်းမြို့နယ်၊ နောင်လေကျေးရွာပူးပေါင်းဂိတ်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် စစ်ဆေးရာ KNU တစ်ဦးကို ဖမ်းမိကြောင်းသိရသည်။

      ပူးပေါင်းအဖွဲ့မှ ယာဥ်ကိုစစ်ဆေးစဥ် ကြာအင်းဆိပ်ကြီးနေသူ ထက်အောင် ၏ ဖုန်းအတွင်း KNU စစ်ဝတ်စုံဖြင့်ရိုက်ထားသော ဓါတ်ပုံတွေ့သဖြင့် ဆက်လက်စစ်ဆေးရာ ထက်အောင်နှင့် အတူပါလာသူ ရန်ကုန်မြို့နေသူ ဟိန်းစိုး တို့ကိုဖမ်းဆီးရမိပြီး စစ်ကြောရေးများ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN