ဆွာမြို့ ၊ ဆွာမြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ၎င်း၏နေအိမ်ရှေ့တွင် အကြမ်းဖက်သောင်းကျန်းသူ PDF များက သေနတ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်

ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ ၊ ဆွာမြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းတင်၊၆၅ နှစ် (ဘ)ဦးအုန်းကြွယ်သည် ၎င်းနေထိုင်ရာ ဆွာမြောက်ပိုင်းရပ်ကွက် ရန်ကုန်-မန္တလေးရထားသံလမ်းဘေးရှိ ၎င်း၏နေအိမ်ရှေ့ အဝင်တံခါးမကြီးရှေ့တွင် ထိုင်နေစဉ် ယနေ မွန်းလွဲ ၃ နာရီ ၂၀ မီးနစ်အချိန်ခန့်တွင်  အမည်မသိ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးဝင်းတင်သည်ရရှိသော သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

     သေဆုံးသူ အုပ်ချုပ်ရေးမှူး ဦးဝင်းတင်သည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ယခုလိုအသတ်ခံရခြင်းသည် ၎င်းရပ်ကွက်အတွင်း အကြမ်းဖက် PDF အဖွဲ့ကို သတင်းပေးနေသူ ရှိနိုင်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရပါသည်။

#PAN