ငါန်းဇွန်မြို့နယ်တွင် အသက် ၇၃ နှစ်အရွယ် ပေါက်စီရောင်းသူ တစ်ဦး ဓားထိုးအသတ်ခံရ

ဇွန် ၁၂

ယမန်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊ မြို့သာကျေးရွာ အုပ်စု၊မြို့သာအရှေ့ကျေးရွာနေ ဦးထွန်းတင့်၊၇၃ နှစ်၊(ဘ)ဦးစိန်အေး၊ ပေါက်စီရောင်းသူကို မြို့သာအရှေ့ဘက်တောအတွင်း၌ ဓားဒဏ်ရာ ၃ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်းသတင်း ရရှိပါသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ တရားခံဖမ်းဆီးရမိရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

#PAN