ရွှေဘိုမြို့နယ်၊ချီပါမြောက်ရွာ ဆန်စက်ပိုင်ရှင်တစ်ဦးကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDFများက သေနတ်ဖြင့် နေအိမ်တွင် လာရောက်ပစ်ခတ်သတ်ဖြတ်

 

ဇွန် ၁၁

      ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့နယ်၊ချီပါမြောက်ရွာ ဆန်စက်ပိုင်ရှင် ဦးကျော်ဟန်၊ ၆၀ နှစ်ကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF ၃၀ ဦးက ဆိုင်ကယ်များဖြင့် ၎င်း၏နေအိမ်သို့ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။

       အဆိုပါ သတ်ဖြတ်ခံရသူ  ဦးကျော်ဟန် သည် သာမန်ပြည်သူတစ်ဦးဖြစ်ပြီး ယခင်က NLD ပါတီကို ထောက်ခံသူဖြစ်ကြောင်း၊ ယခုလည်း PDF အဖွဲ့ကို အားပေးသူဖြစ်ကြောင်း သိရပါသည်။

      ယခုလိုသတ်ဖြတ်ခံရခြင်းမှာ အကြမ်းဖက်သောင်းကျန်းသူ PDF များကို ဆက်ကြေးပေးသွင်းမှုအပေါ် မပြေမလည်ဖြစ်ပြီး သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ ကြားသိရပါသည်။
ဦးကျော်ဟန်၏ မိသားစုများက နေချင်းပြီး သဂြိုလ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN