မြိတ်မြို့နယ်အတွင်း ဘုန်းကြီးကျောင်းပါရဝုဏ်အတွင်းရှိ ရေကန်တွင် ရေဆင်းကူးရာမှ လူငယ်နှစ်ဦး ရေနစ်သေဆုံး

ဇွန် ၁၁

       တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်၊စန္ဒဝတ်ကျေးရွာအုပ်စု၊ကွမ်းသီးချောင်းကျေးရွာ၊မေဃဝတီဘုန်းကြီးကျောင်းပါရဝုဏ်အတွင်းရှိ ရေကန်အတွင်း ယနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် လူငယ်နှစ်ဦး ရေနစ်သေဆုံးကြောင်း သိရပါတယ်။

      သေဆုံးသူ နှစ်ဦးမှာ မောင်ဝင်းထိန်စိုး၊ ၁၄ နှစ်၊(ဘ)ဦးစိုးပ်ုင်၊ဗမာ/ဗုဒ္ဓ၊ကွမ်းသီးချောင်းကျေးရွာနှင့် မောင်အောင်သောင်းကျော်၊ ၁၄နှစ်၊(ဘ)ဦးအောင်မြင့်၊ဗမာ/ဗုဒ္ဓ၊ပုလဲဒီပါရပ်၊ကလွင်ကျေးရွာအုပ်စုတို့ ဖြစ်ကြပြီး ရေကန်အတွင်း ရေဆင်းကူးရာမှ ရေနှစ်သေးဆုံးခြင်းဖြစ်ကြောင်း
သတင်းရရှိပါသည်။

#PAN