“ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လူ ၂၅ဦးကျော် သေးဆုံးခဲ့ရပြီး လူ ၁၄၅ဦးကျော် ထိခိုက် ဒဏ်ရာများ ရရှိခဲ့”

ဇွန် ၁၁

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီး ရေလျှံ မှုများဖြစ်ပေါ်ကာ လူ ၂၅ ကျော် သေဆုံးခဲ့ရပြီး လူ ၁၄၅ ဦးကျော် ထိဒဏ်ရာများရရှိ ခဲ့ရတာလည်းဖြစ် ပါတယ်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသ Khyber Pakhtunkhwa ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၂၅ ဦးကျော် သေဆုံးခဲ့ရပြီး လူ ၁၄၅ ဦးကျော် ထိ ဒဏ်ရာ များရရှိခဲ့ကြ ကြောင်း ပါကစ္စတန်နိုင်ငံ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး ပြီးခဲ့သည့် ဇွန်လ ၁၀ရက် စနေနေ့က ပါကစ္စတန်နိုင်ငံ ဒေသတွင်းရှိ မီဒီယာများက ဖော်ပြပြော ဆိုခဲ့ကြ တာလည်း ဖြစ်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် Khyber Pakhtunkhwa ပြည်နယ်အတွင်းရှိ Bannu မြို့ နှင့် Lakki Marwatမြို့ များတွင် လူနေအိမ် ၆၉ လုံးကျော်ထိ ပျက်စီးခဲ့ရကြောင်း ဒေသခံ မီဒီယာ များက ဖော်ပြပြောဆိုထားပါသေးတယ်။

အဆိုပါ ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေရကြောင်း ပါကစ္စတန် နိုင်ငံ၏ ကယ်ဆယ်ရေးဝန်ဆောင်မှု ဒါရိုက်တာ Khateer Ahmad၏ပြောကြားချက်ကို ကိုးကား၍ သတင်းဌာနများက ဖော်ပြထားကြပါတယ်။