ကော့ကရိတ်မြို့ တောင်ဘက်ခြမ်းတွင် လှုပ်ရှားနေသော ကျားဖြူစစ်ကြောင်းနှင့် ရင်း ၂၇ တို့ ရေးမြို့နယ်အတွင်း အခြေပြု၍ ဂွင်​ပြောင်းလူပ်ရှား

ဇွန် ၁၁

       ကရင်​ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ဘက်ခြမ်း အာရှလမ်းမကြီး၊ တမိုင်ကုန်း၊အံဖကြီး၊အံဖလေး၊ရွာတန်းရှည် တို့ဘက်တွင် ယခင်ကအခြေပြုလူပ်ရှားရှိသော ကျားဖြူစစ်ကြောင်းမှ တပ်ခွဲမူး စော၀င်းဇော်(ခ) ဗကျော်ဟိန်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်ရင်း ၂၇ မှ တပ်ရင်းမှူး စောနယ်ဒါးထူးတို့အဖွဲ့သည်ယခုအခါ တပ်မတော်မှ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ခြင်း၊ကျေးရွာပြည်သူများ၏ ယုံ ကြည်မူမရရှိတော့ခြင်း၊ နယ်မြေခံတပ်များမှ ပတ်ပတ်လည်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းတို့ကြောင့် ကော့ကရိတ်တောင်ခြမ်းမှ ထွက်ခွာသွားခဲ့ကြောင်း သိရပါသည်။

      အဆိုပါ အကြမ်းဖက်သောင်းကျန်းသူအဖွဲများသည် ကော့ကရိတ်တောင်ခြမ်းမှ ကျိုက်ဒုံ ဘက်၊ ၎င်းမှနေ၍ တောတွင်းဖြတ်လမ်းသုံးပြီးတပ်မဟာ ၆ နယ်မြေ ရေးမြို့နယ်အတွင်း တောတွင်းတစ်နေရာ၌ အခြေပြုစခန်းချ၍လူပ်ရှားလျက်ရှိကြောင်း၊၎င်းတို့ ကော့ကရိတ်တောင်ဘက်ခြမ်းတွင်မလူပ်ရှားတော့ပဲ မော်လမြိုင် – ရေး လမ်းမကြီးပေါ်တွင်ပြောင်းလဲလူပ်ရှားဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    ၎င်းအဖွဲ့အနေဖြင့် မော်လမြိုင် – မုဒုံ – သံဖြူဇရပ် – ရေး – မြိတ် ကားလမ်းမပေါ်တွင် ခရီးသွားမော်တော်ယာဥ်များကို တားဆီးရပ်တန့်ခိုင်သည့်အခါ ကြည်ဖြူစွာ ရပ်တန့်အစစ်ဆေးခံကြရန် ယမန်နေ့က အမိန့်ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ထားပါသည်။

    မော်လမြိုင် – မုဒုံ – သံဖြူဇရပ် – ရေး – မြိတ် ကားလမ်းကို အသုံးပြုသွားလာမည့် ခရီးသွားမော်တော်ယာဥ်များ၊ ခရီးသည်များအနေဖြင့် အနှောက်အယှက်များဖြစ်ပေါ်မည့်အပြင် အသက်အန္တရာယ်ပါ စိုးရိမ်နေရကြောင်း၊ ၎င်းအပြင်အဆိုပါလမ်းကို အသုံးပြုသူများမှာ တန်ဘိုးရှိ ရွှေ၊ ငွေ၊ ရတနာများပါ ဆုံးရှုံးနိုင်သဖြင့် ဖြစ်နိုင်လျှင် ၎င်းလမ်းကို ယခုရက်ပိုင်း မသွားမလာသင့်ကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။

#PAN