မိုးမိတ်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်သောင်းကျန်း သူ PDF များ၏ စခန်းနှင့် စိတ်ကြွမူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ဇွန် ၁၁

       ယနေ့ နေ့လည်ပိုင်းတွင် ကချင်ပြည်နယ်၊ မိုးမိတ်မြို့နယ်၊ မဘိန်းအုပ်စု၊ ခွေးဟောင်ဒုံးရွာသို့ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် ရွာအဝင်၌ စခန်းချနေသော အကြမ်းဖက်သောင်းကျန်းသူ PDF များသည် စစ်ကြောင်း ဝင်လာသည်ကို မြင်တွေ့ပြီး ကစဉ့်ကလျား ထွက်ပြေးသွားခဲ့သည်။

       ထိုသို့ ထွက်ပြေးသွားသော အကြမ်းဖက်သောင်းကျန်းသူ PDF များထံမှ WY မူးယစ်ဆေးဝါး အလုံး ၁၀၀၀၀ ပါ အဝါရောင်ထုပ် – ၁၅ ထုပ်၊ သွပ်မိုး/ပျဉ်ကာ ခြေတံရှည် လူနေတဲ – ၂ လုံး၊ ဓနိမိုး/ပျဉ်ခင်း ကင်းတဲ – ၁ ခု၊ ဘယ်ရီဂိတ် – ၄ ခု၊ လူနေအိမ်များကို အကာကွယ်ယူတူးထားတဲ့ ဆသရမြောင်း ၁ ခု တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN