“အိန္ဒိယလေတပ်က အိန္ဒိယသမုဒ္ဒရာအတွင်း ၈နာရီ ကြာပျံသန်းခြင်း မစ်ရှင်များ လုပ်ဆောင်ခဲ့”

ဇွန် ၁၀

အိန္ဒိယနိုင်ငံ၏ လေတပ်မှ Su-MKI30 အမျိုးအစား တိုက်လေယာဉ်များသည် အိန္ဒိယ သမုဒ္ဒရာအတွင်း ၈ နာရီကြာ ပျံသန်းခြင်း မစ်ရှင်များ လုပ်ဆောင် ခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါ စစ်လေယာဉ်များသည် အိန္ဒိယနိုင်ငံ၏ အရှေ့ဘက်နှင့် အနောက်ဘက် ကမ်းရိုးတန်းများ အပေါ် တွင် လွှမ်းခြုံ ပျံသန်းခဲ့ကြပြီး ဝေဟင်တွင် ဆီဖြည့်လေယာဉ်များ ဖြင့် ဆီဖြည့်ခြင်းများ နှင့် အခြားသော မစ်ရှင်များ ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း India Air Force (IAF) က ပြီးခဲ့သည့် ဇွန်လ ၉ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့တာဖြစ်တယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။