“တူရကီတွင် ဒုံးကျည်ထုတ်လုပ်သည့် စက်ရုံအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး​ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ရ”

ဇွန် ၁၀

တူရကီနိုင်ငံမြို့တော် Ankara မြို့အနီးရှိ Elmadag ခရိုင်အတွင်း ဒုံးကျည် နှင့် ဖောက်ခွဲရေး ပစ္စည်းများထုတ်လုပ်နေသည့် စက်ရုံကြီးအတွင်း ယနေ့မနက်အစောပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အခင်း ဖြစ်ပွားရာနေရာကို မီးသတ်တပ်ဖွဲ့တစ်ဖွဲ့နှင့် လူနာတင်ယာဉ်များ သွားရောက်ခဲ့ကြပါတယ်။ စက်ရုံအတွင်း ပေါက်ကွဲမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ရကြောင်း တူရကီနိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ ဇွန်လ ၁၀ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး လို့သတင်း ဌာနများက ဖော်ပြပြောဆိုနေကြပါတယ်။