“အင်ဒိုနီးရှား Anak Krakatoa မီးတောင်ကြီး ပေါက်ကွဲမှုများဖြစ်ပေါ်နေ”

ဇွန် ၁၀

အင်ဒိုနီးရှားနိုင်ငံ၏ ကျွန်းဆွယ်အတွင်းရှိ Anak Krakatoa အမည်ရှိသော မီးတောင်ကြီး ပေါက်ကွဲမှု များဖြစ်ပွားနေတာဖြစ်ပြီး အဆိုပါ မီးတောင်ကြီးမှ ၃ ကီလိုမီတာ အမြင့်ရှိ မီးခိုး နှင့် ပြာမှုန်များ ကို မှုတ်ထုတ် နေတာလည်းဖြစ်ပါတယ်။

အင်ဒိုနီးရှားကျွန်းဆွယ်ရှိ မီးတောင် Anak Krakatoa သည်လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ပြီး ကြီးမား သော ဆူနာမီရေလှိုင်းကြီးတစ်ခုအဖြစ် ဖြစ်ပေါ်ခဲ့ကာ လူပေါင်း ၄၀၀ ကျော် သေဆုံး စေခဲ့ရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇွန်လ ၉ရက် သောကြာနေ့တွင် ၃ ကီလိုမီတာ (၁.၉ မိုင်) မြင့်သော ပြာမှုန့်များကို လွှင့်ထုတ်နေကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောကြားခဲ့တာ လည်း ဖြစ်ပါတယ်။