ကွန်ဟိန်းမြို့နယ်၊သံလွင်မြစ်ကူးတံတား(တာကော်)၌ မော်တော်ဆိုင်ကယ်တူးဘောက်အတွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဇွန် ၁၀

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ကွန်ဟိန်းတပ်နယ်မှ လုံခြုံရေးပူးပေါင်းအဖွဲနှင့် မူးယစ်အထူးအဖွဲ့တို့သည် သံလွင်မြစ်ကူးတံတား(တာကော်)၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလိမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ မောင်းနှင်လာသည့် SHN-61385 (HONDAWAVE-i 125 – ဖြူ/ပြာကြားအရောင်) မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်မောင်းသူ စိုင်းမြအောင်၊ ၂၂ နှစ် (ဘ)ဦးစာလိန္ဒိ၊ ၁၃/မဆန(နိုင်) ၀၄၈၇၈၀၊ ရှမ်း/ဗုဒ္ဓ၊ တောင်ယာလုပ်၊ ဟိုနားရွာ၊ မိုင်းဆတ်မြို့နေသူ၏ ဆိုင်ကယ်ထိုင်ခုံအောက် တူးဘောက်အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်လျက် အတွင်းတွင် အကြည်ရောင်ပလပ်စတစ်၊ အနက်ရောင်ကြွပ်ကြွပ်အိတ်တို့ဖြင့် ထည့်ထားသည့် ဘိန်းဆီခဲဟု ယူဆရသော အမဲရောင်အဆီခဲ၊ အတုံးအခဲအလေးချိန် ၂.၁ ကီလို ဂရမ်ခန့်၊ ဘိန်းဆီခဲ ၁ ကီလိုလျှင် ၁,၆၀၀,၀၀ဝိ/-ကျပ်ဖြင့် ကာလ တန်ဘိုး ၃,၃၆၀,၀၀ဝိ/-ကျပ်အား တွေ့ရှိရပြီး ၎င်း လွယ်ထားသော အနက်ရောင် ရှမ်းဘေး လွယ်အိတ်အတွင်းမှ စိုင်းမြအောင် အမည်ပါ နိုင်ငံသား စိစစ်ရေး ကဒ်ပြားမူရင်း ၁ ခု၊ VIVO အမျိုး အစား ငွေမှင်ရောင် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ တရားခံ စိုင်းမြအောင် ကို ကာလိနယ်မြေရဲစခန်းက မယ(ပ)၆/၂၃၊ မူး/စိတ်ပုဒ်မ-၁၉(က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN