“အာဖဂန်နစ္စတန် တွင် ဗလီ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး​လူ ၁၁ ဦး သေဆုံးကာ လူ၃၀ ဦးထိဒဏ်ရာများရရှိခဲ့”

ဇွန် ၉

​အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Badakhshan ပြည်နယ်အတွင်းရှိ ဗလီတစ်ခုအတွင်း ပြီးခဲ့သည့် ဇွန်လ ၈ရက်နေ့က ဗုံးပေါက် ကွဲမှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့​ရပြီး လူ ၃၀ဦးထိ ဒဏ်ရာများ ရရှိခဲ့ကြတာ လည်းဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ​တာလီဘန်တို့၏ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး Mawlawi Nisar Ahmad Ahmadi ၏ ဈာပနအခမ်း အနားအတွင်း ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ရကြောင်း တာဝန်ရှိ သူများက ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့ နှစ်နိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေသော မြောက်ဘက်စွန်းပိုင်းရှိ အာဖဂန်နစ္စတန်နိုင်ငံ Badakhshan ပြည်နယ်တွင် အဆိုပါ ဗုံးပေါက်ကွဲ မှု​ဖြစ်ပွားခဲ့ရတာဖြစ်တယ်လို့ တာလီဘန်များ ဦးစီးထားသော ပြည်ထဲရေး ဝန်ကြီးဌာန က ပြောကြား ခဲ့တာလည်း ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းရှိ Faizabadin Badakhshan ပြည်နယ်ရှိ ဗလီတစ်ခုအတွင်း ပေါက်ကွဲမှုကြောင့် တာလီဘန် အရာရှိအချို့ အသတ်ခံ ခဲ့ရကြောင်း အာဖဂန်ရုပ်သံလိုင်း Tolo News သတင်းဌာနက ယနေ့ ဇွန်လ ၉ရက်နေ့တွင် ဖော်ပြပြောဆိုထားပါတယ်။