လွိုင်ကော်မြိုနယ် အထွက်၊ ကုန်းသာကျေးရွာ အုပ်စုအနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများကို တိမ်းရှောင်ကြရန် အကြမ်းဖက်သောင်းကျန်းသူ KNPP/KNDF သတိပေး

ဇွန်  ၉

   ယနေ့တွင် ကယားပြည်နယ်၊လွိုင်ကော်မြိုနယ် အထွက်၊ ကုန်းသာကျေးရွာအုပ်စုအနီးတစ်ဝိုက် အကြမ်းဖက်သောင်းကျန်းသူ KNPP/KNDF အင်အားရာကျော် ရောက်ရှိနေကြောင်းနှင့် ဒေသ ခံပြည်သူများကို မွန်းတည် ၁၂ နာရီအချိန် နောက် ဆုံးထားတိမ်းရှောင်ကြရန်သတိပေးသည့် အတွက် ပြည်သူအများအပြား တိမ်းရှောင်ကြကြောင်း သိရှိရပါတယ်။

       ကုန်းသာကျေးရွာအရှေ့ဖက်ကပ်လျက် တောင်ကုန်းပေါ်တွင် တပ်မတော်မှ အမြဲတမ်း တပ်စွဲထားပြီး ၎င်းနေရာအား ပစ်မှတ်ထား တိုက်ခိုက်ရန်ရှိကြောင်း ဒေသခံစစ်ရှောင်များပြောစကားများထံမှ သတင်းရရှိပါတယ်။

#PAN