မတ္တရာမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်း သာမန်ပြည်သူတစ်ဦး လူသတ်အကြမ်း ဖက်သောင်းကျန်းသူ PDF များက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

ဇွန်  ၉

      ယနေ့ နံနက် ၇ နာရီ ၁၀ မီးနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊လမိုင်းကျေးရွာအုပ်စု၊ဘိုကုန်းကျေးရွာအတွင်းသို့ လူသတ်အကြမ်းဖက် PDF ၆ ဦး၊ဆိုင်ကယ် ၃စီးဖြင့်ရောက်ရှိလာပြီး  ဦးစိုးဝင်း၊၆၁နှစ်၏ နေအိမ်ဝိုင်းအတွင်းဝင်ရောက်လာသဖြင့် ဦးစိုးဝင်းမှာ ထွက်ပြေးခဲ့ရာ အကြမ်းဖက်သမားများက နောက်မှလိုက်၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပါသည်။

     အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဘိုကုန်းကျေးရွာအတွင်း ဦးသင်း၏နေအိမ်ဝိုင်းတွင်း၌ ဦးစိုးဝင်းမှာ သေနတ်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သတင်း ရရှိနိူင်ပါသည်။

      သေဆုံးသူ ဦးစိုးဝင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်းတစ်ဦးဖြစ်ပြီး သာမန်ပြည်သူတစ်ဦးသာဖြစ်ပါသည်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် သာမန်ပြည်သူများကို ဒလန်ဟုသော စွပ်စွဲချက်များဖြင့် လိုက်လံသတ်ဖြတ်လျှက်ရှိကြောင်း သိရပါသည်။

#PAN