“ဆိုင်ကလုန်းမုန်တိုင်း Biparjoy သည် အိန္ဒိယနိုင်ငံ အတွင်းသို့ လာမည့် ၃ရက် အတွင်း ဝင်ရောက် တိုက်ခတ် ဖွယ်ရှိနေ”

ဇွန် ၉

Biparjoy ဆိုင်ကလုန်းမုန်တိုင်းသည် လာမည့် ၃ ရက်အတွင်း အိန္ဒိယနိုင်ငံ အနောက်မြောက်ဘက်ပိုင်း သို့ ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရွေ့လျားတိုက်ခတ်လာဖွယ်ရှိကြောင်း India Meteorological Department(IMD) မှ ပြောကြားထားပြီး ဆိုင်ကလုန်းမုန်တိုင်း Biparjoy သည် လာမည့် ၄၈ နာရီအတွင်း ပြင်းထန်သော ဆိုင်ကလုန်း မုန်တိုင်းကြီးအဖြစ်သို့ ပြောင်းလဲ လာနိုင်​ကြောင်း ပြီးခဲ့သည့် ဇွန်လ ၈ရက် ကြာသပတေးနေ့တွင် အဆိုပါ ဌာနက ခန့်မှန်းပြောကြား ထားတာလည်း ဖြစ်ပါတယ်။

ထို့နောက် အိန္ဒိယမိုးလေဝသဌာန (IMD) က အာရေဗျပင်လယ်ပြင်၏ အနောက်ဘက်ပိုင်းနှင့် အလယ်ပိုင်းဒေသများအပြင် မြောက်ပိုင်း Kerala၊ Karnataka နှင့် Goa ကမ်းရိုးတန်းများသည် မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံစားကြရမည့် ဒေသများ ဖြစ်လာဖွယ်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။