ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့

ဇွန်  ၉

    ယနေ့ နံနက် ၉ နာရီ ၂၅ မီးနစ်အချိန်မှစ၍ အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ  ပထမအကြိမ် ပစ်ခတ်သည့် ၂ လုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့ကြောင်း၊ပထမ အလုံး ၆၀မမဗုံးသီးသည် ၀င်းကြီးတိုးချဲ့ကွက်သစ်ရှိ ဗွက်အိုင်ထဲတွင် မကွဲပဲတွေ့ရှိရပြီး ၊ ဒုတိယအလုံးသည် ဆေးရုံကုန်းပေါ်တွင်ကျရောက်ပြီး မကွဲပဲ ယခုတာယာကွင်းနှင့်စွပ်ထားကြောင်း သိရှိရပါသည်။

      အလားတူ နံနက် ၉ နာရီ ၄၅ မီးနစ်အချိန်တွင်
လက်နက်ကြီးဖြင့် ထပ်မံပစခတ်ရာ တတိယအလုံးမှာ အမှတ်(၂)ရပ်ကွက်၊ ခရင်းကျောင်းလမ်းသွယ်၊ ဆေးရုံကုန်းဆင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံးကို ထိမှန်ထားကြောင်း၊လူ တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။

     အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့ ရေလည်မြိုင်ဘ​က်မှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။

#PAN