လုံးခင်းကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို  စိစစ်ဆဲ လူသတ်အကြမ်းသောင်းကျန်းသူ နှစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့

ဇွန်  ၉

      ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ကို
စိစစ်ဆဲ လူသတ်အကြမ်းသောင်းကျန်းသူ နှစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ရာ နားထင်ကျည် ပေါက်ထွက် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

        “လုံးခင်းရပ်ကွက်မှာ လက်ရှိ ရပ်ကျေးတာဝန်ယူထားတဲ့ ဦးကျော်ဆွေ နေအိမ်ကို နေ့လည် ၁နာရီခွဲအချိန်က အမျိုးသားနှစ်ဦးရောက် လာတယ်၊ ဦးကျော်ဆွေနဲ့ စကားပြောစရာ ရှိလိုဆိုပြီး ခေါ်သွားပါတယ်၊ နေ့လည် ၂နာရီ ထိုးခါနီး အချိန်မှာ ဦးကျော်ဆွေက လုံးခင်း သုသာန်မှာသေဆုံးနေပါတယ်” ဟု သေဆုံးသူ မိသားစုဝင်များ၏ ပြောပြချက်အရ သိရှိရပါသည်။

     သေဆုံးသွားသူ ဦးကျော်ဆွေ သည် ဆယ်အိမ်မှူးလုပ်ခဲ့သည့် သက်တမ်းမှာ ကြာမြှင့်ပြီဖြစ်ကြောင်းနှင့် ၎င်းကို  သင်္ခါရလူမှုကူညီရေးအသင်းမှမော်တော်ယာဥ်ဖြင့် ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

#PAN