ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာတွင်  သစ်ရွက်အမှိုက်ကျသည့်ကိစ္စ စကားများရာမှ ဓားခုတ်မှု့ဖြစ်ပွား

ဇွန်  ၉

      ယမန်​နေ့ ည ၇ နာရီအချိန်ခန့်တွင်နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာနေ ဦးကျော်မျိုးအောင်၊ ၅၃နှစ်၊ (ဘ) ဦးတင်အောင်သည် အိမ်နီးချင်းဖြစ်သူ ဒေါ်မိုးသူဇာ၊ ၅၀နှစ်၊ (ဘ)ဦး​မြင့်ဝေ စိုက်ထားသော သစ်ပင်မှ အမှိုက်များ မိမိဝိုင်းအတွင်းကျသည်ဟု ပြောဆိုရာမှ  စကားများရန်ဖြစ်ကြပြီး ဦးကျော်မျိုးအောင်က ဒေါ်မိုးသူဇာကို ဓားဖြင့် လိုက်ခုတ်ခဲ့ကြောင်း သိရပါသည်။

      ဖြစ်စဥ်မှာ မအူတောကျေးရွာတွင် ဦးကျော်မျိုးအောင်နဲ့အိမ်နီးချင်း​​ဖြ​စ်သူ ဒေါ်မိုးသူဇာတို့သည် ခြံအတွင်းသစ်ပင်မှ အမှိုက်ကျသည့်ကိစ္စနှင့် စကားများရန်ဖြစ်ကြရာ ဦးကျော်မျိုးအောင်မှ ဒေါ်မိုးသူဇာ၏ ဦးခေါင်းအလည်အား ဓားဖြစ်ထွက်ခုတ်သ​​​ဖြင့် ရရှိသေါဓားဒဏ်ရာဖြင့်  အိမ်ထဲအထိဝင်ပြေးသော်လည်း ဦးကျော်မျိုး​အောင် သည် အိမ်ထဲထိ ဝင်ခုတ်မှု့ကြောင့် ဦးခေါင်းနှင့် ခြေထောက်တွင် ဓားဒဏ်ရားများရရှိခဲ့သည်။

      ထို့ပြင် မမိုးသူဇာ၏ မြေးဖြစ်သူ မငြိမ်းဦးမေ၊၁၁နှစ်၊ (ဘ)ဦးမောင်နိုင်မှ  အဖွားဖြစ်သူအားဓားဖြစ်ခုတ်နေ၍ သွားကြည်ရာ ဦးကျော်မျိုးအောင်မှ ဓားဖြင့်လိုက်ခုတ်သဖြင့် အိမ်ထဲအထိထွက်ပြေးသော်လည်း အိမ်ထဲအထိလိုက်လံခုတ်သဖြင့် ညာဘက်လက်ပြက်ရှ ဒဏ်ရာရရှိခဲ့သည်။

     အဆိုပါ ဓါးဒဏ်ရာရရှိသူများ​​ကို မအူတောကျေးရွာ၊လောကပါလပရဟိတ လူမှုကူညီရေးအသင်းပိုင်ကားဖြင့် ပုဗ္ဗသီရိမြို့နယ်၊ကုတင် ၃၀၀ ဆေးရုံသို့  ပို့ဆောင်ကုသလျှက်ရှိကြောင်း၊ ဖြစ်စဥ်နှင့် ပတ်သက်၍ ဓါးဖြင့်လိုက်ခုတ်သည့် ဦးကျော်မျိုး​အောင် မှာ ရေးဆင်းနယ်မြေရဲစခန်းတွင်
လာရောက်အဖမ်းခံပြီး အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

#PAN