“အီရန် သံရုံးဖွင့်ပွဲအပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken သည် ဆော်ဒီအာရေဗျသို့ ရောက်ရှိလာခဲ့”

ဇွန် ၇

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken သည် ဇွန် ၆ ရက်နေ့ မှ ၈ ရက်နေ့အထိ ဆော်ဒီအာရေဗျနိုင်ငံသို့ အလည်အပတ် ခရီးစဥ် အဖြစ် ရောက်ရှိနေတာဖြစ်ပြီး အာရပ် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများ၊ နှစ်နိုင်ငံ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ အတွက် အမေရိကန်-ဆော်ဒီ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးသွားကြရန် ဆော်ဒီအာရေးဗီးယားနိုင်ငံအတွင်းရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံသွားမှာလည်းဖြစ်ပါတယ်။

ယနေ့ ဇွန်လ ၇ ရက်နေ့ တွင် အမေရိကန်နိုင်ငံ၏ အတွင်းရေးမှူးချုပ် Blinken သည် အမေရိကန်-ပင်လယ်ကွေ့ဒေသများ ပူးပေါင်းဆောင် ရွက်ရေးကောင်စီ Gulf Cooperation Council (GCC) အဖွဲ့အစည်းကြီး၏ ဝန်ကြီးများ အဆင့် အစည်းအဝေးပွဲကြီးတွင်က မိတ်ဖက်နိုင်ငံများနှင့် တိုးတတ်ပြောင်းလဲလာသော ပူးပေါင်းဆောင် ရွက်မှုများကို ဆွေးနွေးနိုင်ရန်အတွက် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ဒေသတွင်းပေါင်းစည်းမှုများနှင့် အရှေ့အလယ်ပိုင်းဒေသတလွှား စီးပွားရေးအခွင့်အလမ်းများကို မြှင့်တင်နိုင်ရန် ပါဝင်ဆွေးနွေးသွားမှာလည်းဖြစ်ပါတယ်။

လာမည့်ဇွန်လ ၈ ရက်နေ့တွင် အတွင်းရေး မှူးချုပ်Blinkenသည် ISIS စစ်သွေးကြွများ ကိုချေမှုန်းနိုင်ရန် ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်း အဖွဲ့အစည်းကြီး၏ ဝန်ကြီးများ အဆင့် အစည်း အဝေးပွဲကြီးကို ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan ကဦးဆောင်ပြီး ဆော်ဒီအာရေဗျနိုင်ငံ၏ မြို့တော် Riyadh မြို့ ၌ကျင်းပသွားမည်ဖြစ်ပြီး D-ISIS မဟာမိတ်အဖွဲ့၏ ဆက်လက်ခြိမ်းခြောက်မှုများအား ကိုင်တွယ် ဖြေရှင်းနိုင်ရန် အရေးကြီးသောအခန်းကဏ္ဍများကို ဆွေးနွေး ဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုနေကြတာဖြစ်ပါတယ်။