“အမေရိကန် အထက်တန်းကျောင်း၏ ဘွဲ့နှင်းသဘင် ခန်းမအနီး သေနတ်ဖြင့်ပစ်ခံရပြီးလူ ၂ ဦးသေဆုံးခဲ့ရ”

ဇွန် ၇

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဗာဂျီးနီးယား ပြည်နယ် Richmond မြို့အတွင်းရှိ စာသင် ကျောင်း တစ်ကျောင်း၏ အပြင်ဘက်ရှိ လူအုပ် စုကြီးကိုပြီးခဲ့သည့် ဇွန်လ ၆ရက် နေ့ညနေပိုင်းတွင် သေနတ်သမား တစ်ဦးက အကြောင်းမဲ့ ပစ်ခတ်ခဲ့ မှုကြောင့် လူ၂ဦး သေဆုံးပြီး လူ၅ဦး ထိ ဒဏ်ရာ အပြင်း အထန်ရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပစ်ခတ်မှုတွင် သံသယရှိသူ အသက် ၁၉ နှစ်အရွယ်လူငယ် ၁ဦး ကို ဖမ်းဆီးထိန်းသိမ်းထား ပြီးဖြစ်ကြောင်း အာဏာပိုင် များကပြောကြား ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ၏ ရစ်ချ်မွန်ရဲတပ်ဖွဲ့ ယာယီရဲချုပ် Rick Edwards က အဆိုပါ ပစ်ခတ်မှုများကြောင့် သေဆုံး သွားသူ၂ဦးစလုံးမှာ အသက် ၁၈ နှစ် နှင့် ၃၆ နှစ်ကြား အမျိုးသားများဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ပြောကြားထားပါတယ်။