“မဏိပူရ တွင် ဟိန္ဒူ – ခရစ်ယာန် အကြမ်းဖက် မှုများ ကြောင့် လူ ၉၈ဦး သေဆုံးပြီး လူ ၃၁၀ကျော်ထိ ဒဏ်ရာ များရရှိခဲ့”

ဇွန် ၇

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မဏိပူရ ပြည်နယ် တွင် လွန်ခဲ့သော တစ်လအတွင်းကဖြစ်ပွားခဲ့သော ဟိန္ဒူ – ခရစ်ယာန် လူမျိုးစုဆိုင်ရာ အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားနေသဖြင့် အဆိုပါ ပြည်နယ် အတွင်းရှိ broadbandများ နှင့် မိုဘိုင်းဒေတာ အင်တာနက် ပိတ်ပင်မှု များကို ဇွန်လ ၁၀ ရက်နေ့ ညနေ ၃နာရီ အထိ သက်တမ်းတိုးထား ခဲ့ရ တာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူ ၉၈ ဦး ထိ သေဆုံးကာ လူ ၃၁၀ ဦးကျော်ထိ ဒဏ်ရာများရရှိခဲ့ကြတာဖြစ်ပြီး ထောင်နှင့်ချီသော လူများသည် နေရပ်စွန့်ခွာ ထွက်ပြေး နေရတာ လည်းဖြစ်ပါတယ်။

လူမျိုးစု အကြမ်းဖက်မှု သတင်းအမှားများကို ကာကွယ်နိုင်ရန်အတွက် အင်တာနက်ဝန်ဆောင်မှုများ ပိတ်ပင်မှုကို ဇွန်လ ၁၀ ရက်အထိ သက်တမ်းတိုးထားခဲ့ရကြောင်း အိန္ဒိယအစိုးရက ပြီးခဲ့သည့် ဇွန်လ ၆ရက် အင်္ဂါနေ့က ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီး Amit Shah က လည်း အဆိုပါ ပဋိပက္ခများကြောင့် ဒုက္ခရောက် နေသော ဒေသများသို့ သွားရောက်ခဲ့ပြီး လက်နက်များ ကိုင်ဆောင်ထား ကြသူများ ကိုလက်နက်များ ချကြရန်နှင့် အကြမ်းဖက်မှုများကို စွန့်လွှတ်ကြရန် လူထုအား တိုက်တွန်းမှု တွေပြု လုပ်ခဲ့ပါတယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆိုနေကြ တာလည်းဖြစ်ပါတယ်။