“နယူးယောက်ပြည်နယ် အတွင်း အင်ဂျင်တစ်လုံးသုံး လေယာဥ် ပျက်ကျမှုတွင် ကနေဒါသား ၂ဦးသေဆုံးခဲ့”

ဇွန် ၇

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အနောက် တောင်ပိုင်း Ellicott မြို့အတွင်းရှိ Chautauqua ပန်းခြံကြီး နှင့် Jamestown လေဆိပ်ဘေးရှိ ကွင်းပြင်ကြီးတစ်ခုတွင် ပြီးခဲ့သည့် ဇွန်လ ၆ရက် အင်္ဂါနေ့မွန်းလွဲပိုင်းက အင်ဂျင်တစ် လုံးသုံးလေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ပြီး အဆိုပါ လေယာဥ်ပေါ်တွင် ပါရှိကြသည့် ကနေဒါနိုင်ငံသား ၂ဦး သေဆုံးခဲ့​ကြရတာဖြစ်ပါတယ်။

နယူးယောက်ပြည်နယ် ရဲအရာရှိ James Quattrone ၏ ထုတ်ပြန်ပြောကြားချက်အရ အဆိုပါ Toronto အမည်ရှိ လေယာဥ်၏ လေယာဥ် မှုးဖြစ်သူမှာ အသက် ၅၂ နှစ်အရွယ် Roger Jay Ryall ဖြစ်ပြီး နောက်တစ်ဦးမှာ British Columbia မှ အသက် ၅၂ နှစ်အရွယ် David J Hughes တို့ဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့​ရတာဖြစ် ပါတယ်လို့ သတင်းထုတ် ပြန်ထားပါတယ်။