“တရုတ်က နေတိုး ကို အာရှဒေသ အတွင်း အလိုမရှိကြောင်း ပြောဆို ရှုတ်ချခဲ့”

ဇွန် ၇

အနောက်အုပ်စု နေတိုးအဖွဲ့အစည်းကို အာရှဒေသက လုံးဝ ကြိုဆိုမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံ ဆင်ဟွာ Xinhua သတင်းဌာနတွင် ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

အာရှ-ပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံအများစုအဖွဲ့သည် နေတိုး ၏ အာရှဒေသအတွင်း သို့ တိုးဝင်လာမှုကို ကြိုဆိုမှာမဟုတ် ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ Wang Wenbin က ပြီးခဲ့ သည့် ဇွန်လ ၅ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့တာလည်း ဖြစ်ပါတယ်။

အာရှဒေသတွင်းရှိ နိုင်ငံများသည် စစ်ဘက်ဆိုင်ရာ အစုအဖွဲ့များ ဖွဲ့စည်းခြင်းများကို ဆန့်ကျင်ကြကြောင်း နှင့် “အာရှရှိ နေတိုးတပ်ဖွဲ့ အဖွဲ့ အစည်းများ” ၏ အစုအဖွဲ့လိုက် ထိပ်တိုက်တွေ့မှုများကို လက်ခံသွားမှာ မဟုတ်ကြောင်း တရုတ် သံတမန်က မှတ်ချက်ပြု ထပ်လောင်း ပြောကြားခဲ့တာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများက ဖော်ပြပြောဆို နေကြတာလည်း ဖြစ်ပါတယ်။