ဇွန် ၇
အရှေ့အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ကင်ညာ နိုင်ငံတွင် အခြေခံ စားသောက်ကုန်များ ဖြစ်သည့် သကြား၊ ပေါင်မုန့်၊ ကြက်ဥ အစရှိသည့် လူစားသုံးကုန်စျေးများသည် ယခုနှစ် ဇွန်လတွင် စျေးများပိုမို တက်လာဖွယ်ရှိတယ်လို့ ပြီးခဲ့သည့် ဇွန်လ ၂ရက်နေ့က ကင်ညာနိုင်ငံ ဗဟိုဘဏ် ၏ စိုက်ပျိုးရေးကဏ္ဍစစ်တမ်းများအရ အစိုးရက ထုတ်ပြန်ပြောကြားထား တာလည်းဖြစ်ပါတယ်။
ကင်ညာနိုင်ငံ အတွင်းရှိ Kenyanလူမျိုး လယ်သမားများ နှင့် ကုန်သည်များသည် ယခုလအတွင်း သကြား၊ မုန့်၊ ကြက်ဥ၊ ဆန်၊ ဆီနှင့် အခြား စားသောက်ကုန်များ ဈေးနှုန်းများ ပိုမို မြင့်တက်လာနိုင်ခြင်းများ အတွက် ကြိုတင်ပြင် ဆင်ထားကြရန် သတိပေးထားပြီး သွင်းအားစုများနှင့် လောင်စာဆီ ကုန်ကျစရိတ်များ မြင့်မားခြင်း၊ ပြည်တွင်းကုန် ထွက်ရှိမှု ကျဆင်းခြင်းများနှင့် သွင်းကုန်စရိတ်များ တိုးလာခြင်းတို့ကြောင့် ဖြစ်ပြီး ပြည်သူများအား ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန် ကင်ညာ အစိုးရက သတိပေးခဲ့တာလည်း ဖြစ်ပါတယ်။
ကင်ညာနိုင်ငံ၏ မြို့တော် Nairobiမြို့၏ တက္ကသိုလ်မှ ဘောဂဗေဒပညာရှင် ပါမောက္ခ XN Iraki ရဲ့ မကြာသေးမှီက ပြောဆိုခဲ့သည့် အဆိုအရ ကမ္ဘာ့ စွမ်းအင်စျေးနှုန်းများ မြင့်တက်လာခြင်း၊ ပျမ်းမျှမိုးရွာသွန်းမှုများ နည်းပါးလာခြင်း နှင့် ကမ္ဘာ့ ကပ်ရောဂါ COVID အလွန် နောက်ပိုင်းတွင် နိုင်ငံ့ စီးပွားရေး ပြန်လည် ဦးမော့လာစေရန် ကြိုးစား နေမှုများ ကြောင့် ကင်ညာနိုင်ငံ၏ ငွေကြေး ဆိုင်ရာ ဖောင်းပွ မှုများ၏ အဓိက အခန်းကဏ္ဍများ ဖြစ်ပါ တယ်လို့ ပြောဆိုခဲ့တာတွေလည်းရှိ နေပါတယ်။