“ယူကရိန်းနိုင်ငံ Kharkov ဒေသရှိ ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲ မှုဖြစ်ပေါ်ခဲ့ပြီးနောက် အဆိပ်ပြင်း တိမ်တိုက်များ ဒေသ အတွင်း ပျံ့နှံ့မှုဖြစ်ပွားနေ”

ဇွန် ၇

ရုရှားနိုင်ငံ မှ အီးယူနိုင်ငံများသို့ သဘာဝ ဓာတ်ငွေ့ များ ပို့ဆောင်ပေးနေသည့် ရုရှားနိုင်ငံ Togliattiမြို့ နှင့် ယူကရိန်းအနောက်တောင်ပိုင်းရှိ Odessaမြို့ တို့ကြားရှိ အမိုးနီးယား ဓာတ်ငွေ့ အမျိုးအစား ပိုက်လိုင်းကြီးသည် ပြီးခဲ့သည့် ဇွန်လ ၆ရက်နေ့ညပိုင်းက ပေါက်ကွဲမှု ကြီး ဖြစ်ပေါ် ခဲ့ပြီးနောက် Kharkov ဒေသ တစ်လျှောက် အဆိပ်ပြင်းများပါရှိသော တိမ်တိုက် များ ပျံ့နှံ့လျက် ရှိနေတာဖြစ်ပါတယ်။

Kharkov ဒေသ Maksyutovka ရွာအနီးရှိ ဓာတ်ငွေ့ ပိုက်လိုင်း မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှုကြီးသည် မော်စကို(ရုရှား)က ဆိပ်ကမ်းများတွင် ယူကရိန်းနိုင်ငံ ၏ အမိုးနီးယား ဓာတ်ငွေ့ ကုန်တင် သင်္ဘောများ မှတ်ပုံတင်ရပ်နားခြင်းများကို ပြန်လည်ခွင့် ပြုလိုက် ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ၃ရက်မြောက် နေ့တွင် ပေါက်ကွဲ မှုဖြစ်ပွားခဲ့ တာဖြစ်တယ်လို့ သတင်းရင်းမြစ်များကဖော်ပြ​ပြောဆိုထား ကြပါတယ်။